မေလ ၁၄ရက် တနင်္ဂနွေနေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးဖြတ်သန်းသွားမယ်လို့ ခန့်မှန်းထားတဲ့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း ” မိုခါ ” ကြောင့် စစ်တွေမြို့ခံတွေက မုန်တိုင်းရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မေ ၁၂ရက် ဒီကနေ့ ညနေပိုင်း ထုတ်ပြန်ချက်အရ မုန်တိုင်းအရှိန်ဟာ တစ်နာရီကို မိုင် ၉၀ ကနေ ၁၁၀ ကြားရှိမယ်လို့ ခန့်မှန်းထားပါတယ်။
တချိန်တည်းမှာ အရပ်ဘက် မိုးလေဝသလေ့လာသူအချို့ကလည်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်တဲ့ အဖွဲ့တွေကို ကိုးကားပြီး မေလ ၁၄ ရက် မနက်ပိုင်းမှာ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၄၀ အရောက်မှာ မုန်တိုင်း ဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၃၈ မိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒါ့ကြောင့် နာဂစ်လိုအားကောင်းတဲ့မုန်တိုင်း အဆင့်နဲ့ လေတိုက်နှုန်း ဖြစ်မှာကို စိုးရိမ်နေကြတာရှိပါတယ်။
ဒီအစီအစဥ်မှာတော့ မိုခါ မုန်တိုင်းဖြတ်သန်းမယ်လို့ ခန့်မှန်ထားတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က မုန်တိုင်းရှောင်ကြတဲ့ အခြေအနေကို ဘီဘီစီသတင်းထောက်ရဲ့ ကိုယ်တိုင်သတင်းပေးပို့မှုအပါအဝင် မုန်တိုင်းမဖြစ်ခင်နဲ့ မုန်တိုင်းတိုက်ခိုက်ချိန် လုပ်ဆောင်ရမယ့် အချက်တွေအကြောင်း ရှင်းပြထားတာကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #မိုခါ #ရခိုင် #မြန်မာ
source